Showing posts with label ဥာဏ်စမ်း. Show all posts
Showing posts with label ဥာဏ်စမ်း. Show all posts

ပုန်းနေတဲ့ ဂဏန်းမိအောင်ဖမ်း ...

ပုန်းနေတဲ့ ဂဏန်းမိအောင်ဖမ်း ...


ကဲ .. သူငယ်ချင်းတို့ရေ
ကိန်းဂဏန်းလေးတွေနဲ့ ပျော်ရွှင်စွာ ကစားကြရအောင်နော် .. ။
ဘယ်လို ကစားကြမလဲဆိုတော့ ...

သူငယ်ချင်းတို့ ၀ှက်ချင်တဲ့ ဂဏန်းတစ်လုံးကို ၀ှက်ထားရမယ် .. ။ အဲဒါကို ဘာဂဏန်းပါဆိုတာ ကွတ်တိ ဖော်ထုတ်ပြီး စုံထောက်ကျော် လုပ်ပြမယ် .. ။ ဒါပေမယ့် ကစားနည်းက ပရမ်းပတာတော့ မဟုတ်ဘူး .. ။ အစီအစဉ်တကျတော့ ရှိရမယ် .. ။ အစီအစဉ်အတိုင်းပဲ ကစားသွားကြမယ်နော် .. ။

အစီအစဉ် ၁

သူငယ်ချင်းတို့ကို တည်ကိန်းတစ်ခုပေးမယ်နော် .. ။

အစီအစဉ် ၂

အဲဒီ တည်ကိန်းကို ကြိုက်တဲ့ ဂဏန်းတစ်ခုခုနဲ့ (x) မြှောက်လိုက်ပါ .. ။ (လွယ်ကူမြန်ဆန်အောင် ခုဂဏန်းနဲ့ ပဲ မြှောက်လိုက်ပါ) .. သူငယ်ချင်းတို့ ဘာဂဏန်းနဲ့ မြှောက်တယ်ဆိုတာကို မပြောနဲ့နော် .. ။ အဖြေကိုလည်း မပြောနဲ့ .. ဟုတ်ပြီလား .. ။

အစီအစဉ် ၃

အဖြေဂဏန်းတွေထဲက သူငယ်ချင်းတို့ ၀ှက်ချင်တဲ့ ဂဏန်းတစ်လုံးကို (...) အဲဒီလို အမှတ်အသားခြစ်ပြီး ၀ှက်ထားလိုက်ပါ .. ။ မ၀ှက်ဘဲ ထားတဲ့ ကျန်ဂဏန်းတွေကိုတော့ ခု .. ၊ ဆယ် .. ၊ ရာ .. ၊ မထည့်ပဲ ဂဏန်းအတိုင်း တစ်လုံးချင်း ပြောပါ .. ။

အစီအစဉ် ၎

သူငယ်ချင်းတို့ ၀ှက်ထားတဲ့ ဂဏန်းဟာ ဘာလဲဆိုတာကို အတိအကျ ထုတ်ဖော်ပြောပြလိုက်ရင် သူငယ်ချင်းတို့ အံ့သြသွားစေရမယ် .. ။

ဥပမာ ..
တည်ကိန်း ၄၅ ပေးတယ်ဆိုပါတော့ .. ။ သူငယ်ချင်းတို့က တို့မသိအောင် ၇ နဲ့ မြှောက်လိုက်တယ် .. ။
၄၅ x ၇ = ၃၁၅ ရတယ် .. ။ တကယ်ဆိုရင် အဲဒီအဖြေကို တို့ မသိနိုင်ဘူးလေ .. ။ ၇ နဲ့ မြှောက်တယ်ဆိုတာ တို့မှ မသိပဲကိုး .. ။
     အဲဒီအဖြေ ၃၁၅ ထဲက ၁ ကို သူငယ်ချင်းတို့ ၀ှက်ထားမယ် ဆိုပါတော့ .. ။ ကျန်တဲ့ ဂဏန်းကို မေးရင် ၃ နဲ့ ၅ လို့ သူငယ်ချင်းတို့က ပြောရလိမ့်မယ် .. ။ ဒီလိုဆိုရင် သူငယ်ချင်းတို့ ၀ှက်ထားတာ ၁ ဂဏန်းပဲလို့ သူငယ်ချင်းတို့ စာရွက်ကို မကြည့်ပဲ အတပ်ပြောနိုင်တယ် .. ။

၅ ကို ၀ှက်ထားရင် ကျန်တာဟာ ၃ နှင့် ၁ လို့ ပြောရမှာပေါ့ .. ။ ဒါဆိုရင် ၅ ကို ၀ှက်ထားတယ်လို့ အတပ်ပြောနိုင်တယ်လေ .. ။
၃ ကို ၀ှက်ထားရင် ကျန်တာဟာ ၅ နှင့် ၁ လို့ ပြောရမှာပေါ့ .. ။ ဒါဆိုရင် ၃ ကို ၀ှက်ထားတယ်လို့ အတပ်ပြောနိုင်တယ်လေ .. ။

ဝှက်ထားတာကို အလွတ်ပြောနိုင်တဲ့နည်းကို သူငယ်ချင်းတို့ သိချင်သလား .. ပြောပြမယ်လေ .. ။
၁။ ကိန်းဝှက်လိုသူအား သင်က တည်ကိန်းတခု ပေးလိုက်ပါ။
၂။ ထိုကိန်းကို သူမြှောက်လိုရာ ဂဏန်းဖြင့် မြှောက်ပါစေ။
၃။ မည်သည့်ဂဏန်းဖြင့် မြှောက်သည်ကို မမေးပါနဲ့။
၎။ မြှောက်ရသော အဖြေ၊ ရလဒ်ကိုလည်း မမေးပါနဲ့။
၅။ ရလဒ်ထဲမှ သူလျှို့ဝှက်ချင်သော ဂဏန်းတစ်လုံးအား သူ့ကို ဝှက်ခိုင်လိုက်ပါ။ (ထိုလျှို့ဝှက်သော ဂဏန်းကို သင်က ပြောရမည် ဖြစ်၏)။
၆။ မလျှို့ဝှက်သော ကျန်ဂဏန်းများကို တစ်လုံးချင်း ပြောပြခိုင်းပါ။
၇။ မလျှို့ဝှက်ဘဲ သူပြောပြသော ဂဏန်းများကို မိမိစိတ်ထဲမှ ပေါင်းကြည့်လိုက်ပါ။
၈။ မိမိပေါင်းရသော အဖြေကို ၉-ထဲမှ စိတ်ထဲတွင်ပင် နှုတ်ကြည့်လိုက်ပါ။
၉။ ထိုနှုတ်၍ရသော အဖြေသည် သူလျှို့ဝှက်ထားသော ဂဏန်းပင် ဖြစ်သည်။

ဥပမာ---
၄၅- မိမိပေးထားသော တည်ကိန်း။
x၇= သူမြှောက်ထားသော မြှောက်ကိန်း။
၃၁၅= သူမြှောက်ရသော မြှောက်လဒ်။
၃၁၅= ၁-ကို ဝှက်ထားသည်ဆိုပါစို့၊ ကျန် ၃ နဲ့ ၅။ ၃+၅=၈။
ပုံသေ ၉။ အကျန်ပေါင်း ၈။ (၉-၈=၁)
ဝှက်ကိန်း --- ၁ ။

၃၁၅။  ၅-ကို ဝှက်ထားသည်ဆိုပါစို့။
ကျန် ၃ နဲ့ ၁။ ၃+၁=၄။
ပုံသေ ၉။ အကျန်ပေါင်း ၄။ (၉-၄=၅)
ဝှက်ကိန်း ၅။

၃၁၅။ ၃-ကိုဝှက်ထားသည်ဆိုပါစို့။
ကျန် ၁ နဲ့ ၅။ ၁+၅=၆။
ပုံသေ ၉။ အကျန်ပေါင်း ၆။ (၉-၆=၃)
ဝှက်ကိန်း ၃။

မှတ်ချက်။
(၁) မိမိပေးလိုသော တည်ကိန်းတွင် ပါဝင်သည့် ဂဏန်းများ အားလုံးပေါင်းသည် အမြဲတမ်း ၉-ဖြစ်စေရမည်။
ဥပမာ-၄၅ (၄+၅=၉)။ ၇၂ (၇+၂=၉)။ ၆၃ (၆+၃=၉)။ ၈၁ (၈+၁=၉)


(၂) အပျော်ကစားခြင်းဖြစ်၍ တည်ကိန်းကို ဂဏန်းကြီးများ မပေးသင့်ပါ။
ကဲ နည်းသိသွားပြီဆိုတော့ ဒီနည်းအတိုင်း သူငယ်ချင်းတို့အချင်းချင်း ဆက်ပြီးကစားကြပေါ့နော် .. ။

ကဲ ပုန်းတဲ့ဂဏန်း မိအောင်ဖမ်းရင်း ပျော်ရွှင်နိုင်ကြပါစေ .. ။

ခင်မင်စွာဖြင့်
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပျော်ပျော်ပါးပါး ကိန်းဂဏန်းလေးများ

၁၅ စက္ကန့်အတွင်း သင့်လက်ရှိအသက်ကို တွက်ချက်နိုင်တဲ့ သင်္ချာကစားနည်းလေးဖြစ်ပါတယ်။

(၁) ပထမဦးဆုံး (ဝ,၁,၂,၃,၄,၅,၆,၇,၈,၉) ထဲက ကြိုက်နှစ်သက်ရာ ဂဏန်းတစ်ခုကို ရွေးချယ်ပါ။
(၂) ရွေးထားတဲ့ ဂဏန်းကို ၂ နဲ့ မြှောက်ပါ။
(၃) ရတဲ့အဖြေကို ၅ ပေါင်းပါ။
(၄) ရတဲ့အဖြေကို ၅၀ နဲ့ထပ်မြှောက်ပါ။
(၅) ရတဲ့အဖြေကို ၁၇၆ဝ ထည့်ပေါင်းပါ။
(၆) နောက်ဆုံး ရလာတဲ့အဖြေကို ကိုယ့်မွေးနှစ်သက္ကရာဇ်ထဲက နုတ်ပါ။

နောက်ဆုံးသင်ရတဲ့ကိန်းက ရာဂဏန်းဖြစ်နေပါလိမ့်မယ်။ ရာဂဏန်းထဲက ပထမကိန်းဟာ စစချင်းသင်ရွေးခဲ့တဲ့ ကိန်းဖြစ်ပြီး ကျန်ကိန်းနှစ်လုံးက သင့်လက်ရှိအသက်ဖြစ်ပါတယ်။

မှန်ပါသလား? မှန်ရင် ကော်မန့်လေး ချခဲ့ပါ။ တိုးတိုးတိတ်တိတ် ခိုး ခိုး ထွက်မသွားပါနဲ့...း)

အင်တာနက်ပေါ် ဖတ်မိတာလေး မျှဝေပါတယ်။
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS